MOHS Covid-19 Guidelines Version 6.0 Clear & English Version
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက် Version 6.0 ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လုပ်ငန်းခွင် နှင့် ပတ်ဝန်းကျင် ကျန်းမာရေး ဌာနခွဲက ၁၃-၇-၂၀၂၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို အွန်လိုင်းပေါ်၌ ဓါတ်ပုံဖိုင်များအဖြစ်သာတွေ့ရသည်။ ဤ ဘလော့စာမျက်နှာ ၌ ဖော်ပြထားပြီးဖြစ်သည်။
သို့သော် သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဝက်ဆိုက်တွင် မူရင်းဖိုင် တင်ထားသည်ကို မတွေ့ရ။ ဤ ဝက်ဘ်ဆိုက်စာမျက်နှာ သည် လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို စုစည်းဖော်ပြသည့် စာမျက်နှာဖြစ်သည်။ ယင်းစာမျက်နှာတွင် Version 5.0 ၊ စစ်ဆေးမှုမှတ်တမ်းပုံစံများနှင့် အခြား သက်ဆိုင်ရာ စာရွက်စာတမ်းများကို တွေ့နိုင်သည်။
ထို့ကြောင့် အွန်လိုင်းပေါ်မှ Version 6.0 ဓါတ်ပုံဖိုင်များကို ရှင်းရှင်းလင်းလင်း ကြည့်နိုင်အောင် စာပြန်ရိုက်ထားသည်။ အင်္ဂလိပ်ဘာသာပြန် လိုအပ်သူများအတွက်လည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်။
Comments
Post a Comment