အလုပ်ထုတ် နစ်နာကြေး နှုန်းထားများ

အလုပ်ရှင်များနှင့် ၎င်းတို့၏ စီမံခန့်ခွဲရေး မန်နေဂျာများ အမြဲမေးလေ့ရှိသော အကြောင်းအရာမှာ -

  • စက်ရုံ၊ အလုပ်ရုံ အပြီး/ယာယီ ပိတ်သိမ်းခြင်း
  • လုပ်သမားအင်အား လျှော့ချခြင်း
  • အလုပ်သမား၏ စည်းကမ်းချိုးဖောက်မှု၊ အပြစ်ကျူးလွန်မှုကြောင့်မဟုတ်ဘဲ အလုပ်မှ ထုတ်ပယ်ခြင်း
စသည်တို့အတွက် အလုပ်သမားအား လုပ်သက်အလိုက် ပေးရမည့် နစ်နာကြေးနှုန်းထားများနှင့် ပတ်သက်သော အကြောင်းအရာများ ဖြစ်လေ့ရှိသည်။
"နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ)" ဆိုတဲ့အထဲမှာ ဘာတွေပါရမှာလဲ? ဘာတွေကို ထည့်မပေးရင် ရလား? စသည်ဖြင့် မေးလေ့ရှိကြသည်။ "နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ)" ဆိုတာ ရှင်းပါသည်။ အလုပ်သမားအား နောက်ဆုံးထုတ်ပေးခဲ့သော လစာ Pay Slip ရှိ "အချိန်ပိုကြေး" ခေါင်းစဥ်အောက်မှ အခကြေးငွေကို နှုတ်၍ ကျန်ခေါင်းစဥ်များအောက်ရှိ ငွေကြေးများအားလုံး ပေးရမည်သာ ဖြစ်သည်။

------------------
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန
ဝန်ကြီးရုံး

အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၅)
နေပြည်တော် ၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ခ) နှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် အလုပ်မှ ရပ်စဲခံရသော အလုပ်သမားနှင့် ပတ်သက်၍ အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားများကို သတ်မှတ်လိုက်သည်။

နစ်နာကြေးနှုန်းထားများ
အလုပ်ရှင်သည် အလုပ်သမား သို့မဟုတ် အလုပ်သမားများအား အလုပ်မှ ရပ်စဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဥ်း၍ တစ်ဆက်တည်း လုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ) ဖြင့် အောက်ဖော်ပြပါ နစ်နာကြေးနှုန်းထားများအတိုင်း ပေးရမည်။
(က) လုပ်သက် ခြောက်လပြည့်ပြီး တစ်နှစ်မပြည့်ပါက နစ်နာကြေး လဝက်လစာ
(ခ) လုပ်သက် တစ်နှစ်ပြည့်ပြီး နှစ်နှစ်မပြည့်ပါက နစ်နာကြေး တစ်လစာ
(ဂ) လုပ်သက် နှစ်နှစ်ပြည့်ပြီး သုံးနှစ်မပြည့်ပါက နစ်နာကြေး တစ်လခွဲလစာ
(ဃ) လုပ်သက် သုံးနှစ်ပြည့်ပြီး လေးနှစ်မပြည့်ပါက နစ်နာကြေး သုံးလစာ
(င) လုပ်သက် လေးနှစ်ပြည့်ပြီး ခြောက်နှစ်မပြည့်ပါက နစ်နာကြေး လေးလစာ
(စ) လုပ်သက် ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ်မပြည့်ပါက နစ်နာကြေး ငါးလစာ
(ဆ) လုပ်သက် ရှစ်နှစ်ပြည့်ပြီး တစ်ဆယ်နှစ်မပြည့်ပါက နစ်နာကြေး ခြောက်လစာ
(ဇ) လုပ်သက် တစ်ဆယ်နှစ်မှ ၂၀ နှစ် မပြည့်ပါက နစ်နာကြေး ရှစ်လစာ
(ဈ) လုပ်သက် ၂၀ နှစ်ပြည့်ပြီး ၂၅ နှစ် မပြည့်ပါ နစ်နာကြေး တစ်ဆယ်လစာ
(ည) လုပ်သက် ၂၅ နှစ်နှင့် အထက် ရှိပါက နစ်နာကြေး ၁၃ လစာ

ဦးအေးမြင့်
ပြည်ထောင်စုဝန်ကြီး
စာအမှတ် - ၇၀-အလ/ခွဲ(၁)(၃၄/၁၁)(၆၇၄၁)
ရက်စွဲ - ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်

=====

Severance Pay

Notification No. (84/2015)
3rd July 2015

The Union Minister for Ministry of Labour, Occupation and Social Security, practicing the authority given by the Section 59(b) of Settlement of Labour Dispute Law and Section 41(b) of Employment and Skill Development Law, has defined severance pay (compensation) rates which have to be paid by the employer in regard to the worker who has been terminated.
The employer shall pay the following severance pay rates on the basis of last salary (without overtime payment) to the worker or workers who have continuous work services, regarding with termination;
  1. has completed 6 months to uncompleted 1 year - 0.5 month salary
  2. has completed 1 year to uncompleted 2 years - 1 month salary
  3. has completed 2 years to uncompleted 3 years - 1.5 months salary
  4. has completed 3 years to uncompleted 4 years - 3 months salary
  5. has completed 4 years to uncompleted 6 years - 4 months salary
  6. has completed 6 years to uncompleted 8 years - 5 months salary
  7. has completed 8 years to uncompleted 10 years - 6 months salary
  8. has completed 10 years to uncompleted 20 years - 8 months salary
  9. has completed 20 years to uncompleted 25 years - 10 months salary
  10. has completed 25 years and over - 13 months salary

U Aye Myint
Union Minister
Letter No. 70-AhLa/Div(1)(34/11)(6741)
Date - 3rd July 2015






Comments

Popular posts from this blog

MOHS Guideline များ နှင့် Checklist များ

၂၀၂၂ ခုနှစ်၊ အများပြည်သူ အလုပ်ပိတ်ရက်များ