MOHS Guideline များ နှင့် Checklist များ
COVID-19 တတိယလှိုင်းဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ၂၀၂၁ ခုနစ် ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိကို "အများပြည်သူ အလုပ်ပိတ်ရက်" အဖြစ် အမိန့်အကြော်ငြာစာ အမှတ် (၂၁၇/၂၀၂၁) ဖြင့် ထပ်တိုး ကြေငြာခဲ့သည်။ သို့သော် စက်ရုံ၊ အလုပ်ရုံများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထပ်မံကြေငြာခဲ့သည်။
ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံများသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ MOHS ၏ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ကြရန် ဖြစ်သည်။
Ministry of Health and Sport (MOHS) မှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် ကိုယ်တိုင် စစ်ဆေးရမည့် Checklist များနှင့် ထားရှိရမည့် မှတ်တမ်းပုံစံများ -
- MOHS Guideline Version 4.0
- MOHS Guideline Version 4.1
- MOHS Guideline Version 5.0
- Checklist (A)
- Checklist (B) for Inspection Team
- Checklist (A) Record Form
စက်ရုံ၊ အလုပ်ရုံများသည်
- MOHS Guideline များအတိုင်း လိုက်နာရန်
- စက်ရုံတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ ဖွဲ့စည်းရန်
- ထိုအဖွဲ့မှ မိမိစက်ရုံအတွင်း ပြင်ဆင်ထားရှိမှုများ၊ လိုက်နာဆောင်ရွက်မှုများအား Checklist (A) ကို အသုံးပြု၍ မိမိကိုယ်ကို စစ်ဆေးပြီး Checklist (A) Record Form ဖြင့် မှတ်တမ်းထားရရှိရန်
ဖြစ်သည်။ Checklist (B) သည် စက်ရုံသို့ လာရောက်စစ်ဆေးမည့် Inspection Team က အသုံးပြုရန် ဖြစ်သည်။
Comments
Post a Comment