အလုပ်ရှင်များနှင့် ၎င်းတို့၏ စီမံခန့်ခွဲရေး မန်နေဂျာများ အမြဲမေးလေ့ရှိသော အကြောင်းအရာမှာ - စက်ရုံ၊ အလုပ်ရုံ အပြီး/ယာယီ ပိတ်သိမ်းခြင်း လုပ်သမားအင်အား လျှော့ချခြင်း အလုပ်သမား၏ စည်းကမ်းချိုးဖောက်မှု၊ အပြစ်ကျူးလွန်မှုကြောင့်မဟုတ်ဘဲ အလုပ်မှ ထုတ်ပယ်ခြင်း စသည်တို့အတွက် အလုပ်သမားအား လုပ်သက်အလိုက် ပေးရမည့် နစ်နာကြေးနှုန်းထားများနှင့် ပတ်သက်သော အကြောင်းအရာများ ဖြစ်လေ့ရှိသည်။ "နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ)" ဆိုတဲ့အထဲမှာ ဘာတွေပါရမှာလဲ? ဘာတွေကို ထည့်မပေးရင် ရလား? စသည်ဖြင့် မေးလေ့ရှိကြသည်။ "နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ)" ဆိုတာ ရှင်းပါသည်။ အလုပ်သမားအား နောက်ဆုံးထုတ်ပေးခဲ့သော လစာ Pay Slip ရှိ "အချိန်ပိုကြေး" ခေါင်းစဥ်အောက်မှ အခကြေးငွေကို နှုတ်၍ ကျန်ခေါင်းစဥ်များအောက်ရှိ ငွေကြေးများအားလုံး ပေးရမည်သာ ဖြစ်သည်။ ------------------ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၅) နေပြည်တော် ၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်) အလုပ်သမား၊ အလုပ်အကိုင်နှင်...
Comments
Post a Comment