COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး အများပြည်သူ အလုပ်ပိတ်ရက် ထပ်တိုးကြေငြာ

 မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ တတိယလှိုင်းကို ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့ကို "အများပြည်သူ အလုပ်ပိတ်ရက်" အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၂၁၁/၂၀၂၁) ဖြင့် သတ်မှတ်ခဲ့သည်။

ထပ်မံ၍ COVID-19 ရောဂါ တတိယလှိုင်းကို ဆက်လက် ကာကွယ် ထိန်းချုပ်နိုင်ရန် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၁ ရက်အထိကိုလည်း "အများပြည်သူ အလုပ်ပိတ်ရက်" အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၂၁၇/၂၀၂၁) ဖြင့် သတ်မှတ်သည်။ သတ်မှတ်လိုက်သော အများပြည်သူ အလုပ်ပိတ်ရက်ကာလ အတွင်း လိုက်နာရမည့် စည်းကမ်းများကိုလည်း နောက်ဆက်တွဲအဖြစ် ကြေငြာခဲ့သည်။

English Version လိုအပ်သူများ အတွက် -

ထိုသို့ သတ်မှတ်ကြေငြာခြင်းမှာ စက်ရုံ/အလုပ်ရုံများ ဖွင့်ခြင်း ပိတ်ခြင်း နှင့် မသက်ဆိုင်ကြောင်းကိုလည်း ရှင်းလင်းအသိပေးသည့် စာ ထုတ်ပြန်ခဲ့သည်။
သတ်မှတ်လိုက်သော အများပြည်သူ အလုပ်ပိတ်ရက်ကာလ အတွင်း အလုပ်ဖွင့်ကြမည့် စက်ရုံများ အနေဖြင့် သတ်မှတ်ပုံစံကို ဖြည့်စက်၍ သက်ဆိုင်ရာသို့ ပေးပို့ အကြောင်းကြားရမည် ဖြစ်သည်။
အများပြည်သူ အလုပ်ပိတ်ရက်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကြီးကြပ်ဆောင်ရွက်ရေး ညွှန်ကြားချက် ထုတ်ပြန်။








Comments

Popular posts from this blog

အလုပ်ထုတ် နစ်နာကြေး နှုန်းထားများ

MOHS Guideline များ နှင့် Checklist များ

၂၀၂၂ ခုနှစ်၊ အများပြည်သူ အလုပ်ပိတ်ရက်များ