Posts

Showing posts from August, 2021

အလုပ်ထုတ် နစ်နာကြေး နှုန်းထားများ

Image
အလုပ်ရှင်များနှင့် ၎င်းတို့၏ စီမံခန့်ခွဲရေး မန်နေဂျာများ အမြဲမေးလေ့ရှိသော အကြောင်းအရာမှာ - စက်ရုံ၊ အလုပ်ရုံ အပြီး/ယာယီ ပိတ်သိမ်းခြင်း လုပ်သမားအင်အား လျှော့ချခြင်း အလုပ်သမား၏ စည်းကမ်းချိုးဖောက်မှု၊ အပြစ်ကျူးလွန်မှုကြောင့်မဟုတ်ဘဲ အလုပ်မှ ထုတ်ပယ်ခြင်း စသည်တို့အတွက် အလုပ်သမားအား လုပ်သက်အလိုက် ပေးရမည့် နစ်နာကြေးနှုန်းထားများနှင့် ပတ်သက်သော အကြောင်းအရာများ ဖြစ်လေ့ရှိသည်။ "နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ)" ဆိုတဲ့အထဲမှာ ဘာတွေပါရမှာလဲ? ဘာတွေကို ထည့်မပေးရင် ရလား? စသည်ဖြင့် မေးလေ့ရှိကြသည်။ "နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ)" ဆိုတာ ရှင်းပါသည်။ အလုပ်သမားအား နောက်ဆုံးထုတ်ပေးခဲ့သော လစာ Pay Slip ရှိ "အချိန်ပိုကြေး" ခေါင်းစဥ်အောက်မှ အခကြေးငွေကို နှုတ်၍ ကျန်ခေါင်းစဥ်များအောက်ရှိ ငွေကြေးများအားလုံး ပေးရမည်သာ ဖြစ်သည်။ ------------------ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၅) နေပြည်တော် ၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်) အလုပ်သမား၊ အလုပ်အကိုင်နှင်...

COVID-19 ကာကွယ်ဆေးထိုးနှံခြင်း မှတ်တမ်း နှင့် Checklist

Image
 COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းအတွက် စစ်ဆေးရန် အချက်များ (Checklist) နှင့် COVID-19 ကာကွယ်ဆေး ထိုးနှံမှု မှတ်တမ်း ပုံစံ များ အလွယ်တကူ ဒေါင်းလုပ်ရယူနိုင်ရန် - Checklist for COVID-19 Vaccination Record for COVID-19 Vaccination #shared by Ma Ohma - AMG

ကိုဗစ် ဖြစ်ပြီး ဘာတွေ ကျန်ခဲ့မလဲ နှင့် အခြား သိကောင်းစရာများ

Image
 COVID ဖြစ်ပြီး ဘာတွေ ကျန်ခဲ့မလဲ? မောလာရင် ဘယ်လို ပုံစံ နေရမလဲ? အရေးအကြီးဆုံးက "အသက်ရှူ လေ့ကျင့်ခန်း" ချွဲ ဘယ်လို ထုတ်ရမလဲ? ချွဲထုတ်လေ့ကျင့်ခန်း ဘယ်လိုနေရင် 'ချွဲ' ပိုထွက်မလဲ? #Crd to Post Owner on Facebook

COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းနှင့် အခြား သတင်းအချက်အလက်များ

Image
စက်ရုံ၊ အလုပ်ရုံ၏ COVID-19 ကာကွယ်ဆေးထိုးနှံရမည့် အာမခံအလုပ်သမားစာရင်း ပုံစံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် COVID-19 ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် အစီအစဥ်ကို ၂၈-၇-၂၀၂၁ ရက်စွဲဖြင့် သတင်းစာများတွင်  ကြေငြာခဲ့သည်။ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ COVID-19 ကာကွယ်ဆေးထိုးနှံရန်အတွက် တိုင်းဒေသကြီး အစိုးရ နှင့် လူမှုဖူလုံရေးအဖွဲ့တို့မှလည်း သက်ဆိုင်ရာ ဌာနများသို့ သြဂုတ်လအတွင်း အကြောင်းကြားစာများ အသီးသီး ပေးပို့ထားကြသည်။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA)၊ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ၏ Viber Group များအတွင်း သတင်းဖြန့်ဝေမှု Audio Message-1 and Audio Message-2  ကို နားထောင်ကြည့်နိုင်သည်။ စက်ရုံ၊ အလုပ်ရုံများ အနေဖြင့် အာမခံအလုပ်သမားများ (နိုင်ငံသား/နိုင်ငံခြားသား) COVID-19 ကာကွယ်ရေး ထိုးနှံရန်အတွက် အလုပ်သမားအမည်စာရင်းကို အောက်ပါပုံစံတွင် ဖြည့်စွက်၍ သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေး အဖွဲ့ရုံးသို့ လည်းကောင်း၊ သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲရေးရုံးသို့ လည်းကောင်း ပေးပို့ရမည် ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံ၏ COVID-19 ကာကွယ်ဆေးထိုးနှံရမည့် အာမခံအလုပ်...

MOHS Covid-19 Guidelines Version 6.0 Clear & English Version

 Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက် Version 6.0 ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လုပ်ငန်းခွင် နှင့် ပတ်ဝန်းကျင် ကျန်းမာရေး ဌာနခွဲက ၁၃-၇-၂၀၂၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို အွန်လိုင်းပေါ်၌ ဓါတ်ပုံဖိုင်များအဖြစ်သာတွေ့ရသည်။ ဤ ဘလော့စာမျက်နှာ ၌ ဖော်ပြထားပြီးဖြစ်သည်။ သို့သော် သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဝက်ဆိုက်တွင် မူရင်းဖိုင် တင်ထားသည်ကို မတွေ့ရ။ ဤ ဝက်ဘ်ဆိုက်စာမျက်နှာ သည် လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို စုစည်းဖော်ပြသည့် စာမျက်နှာဖြစ်သည်။ ယင်းစာမျက်နှာတွင် Version 5.0 ၊ စစ်ဆေးမှုမှတ်တမ်းပုံစံများနှင့် အခြား သက်ဆိုင်ရာ စာရွက်စာတမ်းများကို တွေ့နိုင်သည်။ ထို့ကြောင့် အွန်လိုင်းပေါ်မှ Version 6.0 ဓါတ်ပုံဖိုင်များကို ရှင်းရှင်းလင်းလင်း ကြည့်နိုင်အောင် စာပြန်ရိုက်ထားသည်။ အင်္ဂလိပ်ဘာသာပြန် လိုအပ်သူများအတွက်လည်း အင်္ဂလိပ်ဘာသာ...